BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
တိုက်ရိုက်ထုတ်လွှင့်မှု, အကြမ်းဖက်ပုဒ်မတွေနဲ့ တရားရင်ဆိုင်နေရသူ လူ ၁ သောင်းကျော်ကို စစ်တပ် အမှုပိတ်
၅ နှစ်တာအတွင်း စစ်တပ်ရဲ့ လွတ်ငြိမ်းသက်သာပေးမှုတွေထဲ အကြမ်းဖက်အမှုတွေကို ပထမဆုံး အကြိမ်ပေးတဲ့သတင်းအပါအဝင် မတ် ၂ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
ထိပ်ပိုင်းတပ်မှူးတွေ အသတ်ခံလိုက်ရတဲ့ အီရန်မှာ စစ်ခေါင်းဆောင် ဘယ်သူဖြစ်လာလဲ
အမေရိကန်နဲ့ အစ္စရေးရဲ့ ပူးတွဲ လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေ၊ စစ်ဘက်ဆိုင်ရာ ထိပ်တန်းခေါင်းဆောင်တွေ အများအပြား သေဆုံးခဲ့ပါတယ်။ လောလောဆယ်မှာ အီရန်ရဲ့ စစ်ရေးကိစ္စတွေကို ဘယ်သူက ဦးစီးဆောင်ရွက်နေသလဲ။
အီရန်မှာ အယာတိုလာ ခါမေနီရဲ့သံမဏိအာဏာချုပ်ကိုင်မှု အဆုံးသတ်
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးတွဲလေကြောင်းတိုက်ခိုက်မှု ပထမနေ့မှာ အီရန်ရဲ့ နိုင်ငံ့ဦးသျှောင် ဘာသာရေးအထွတ်အထိပ်ခေါင်းဆောင် သေဆုံးတယ်လို့ အီရန်နိုင်ငံပိုင်ရုပ်သံက အတည်ပြု ကြေညာပါတယ်။
မတ် ၁ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - မင်းတုန်း၊ပြောင်းရွာ ဗုံးကြဲခံရလို့ လူ ၂၅ ဦး သေဆုံး
ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်က မင်းတုန်းမြို့နယ်၊ ပြောင်းရွာကို စစ်တပ်ဗုံးကြဲလို့ သေဆုံးသူ ၂၅ ဦးထက်မနည်းရှိတယ်လို့ သရက်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၄ က ပြောတဲ့သတင်းအပါအဝင် မတ်လ ၁ ရက် ထိပ်တန်းရောက် သတင်းများကို အခုစာမျက်နှာမှာ စုစည်း ဖော်ပြနေပါတယ်။
အယာတိုလာ ခါမေနီ သေဆုံးမှု - အမေရိကန်စစ်စခန်းတွေကို အီရန် တိုက်ခိုက်
သမိုင်းမှာ အဆိုးယုတ်ဆုံးသူတွေထဲက တစ်ဦးသေဆုံးတာက အီရန်ပြည်သူတွေအတွက် တရားမျှတမှု ရရှိရုံတင်မက ခါမေနီလက်ချက်နဲ့ ထိခိုက်သေဆုံးသူတွေအတွက်လည်း တရားမျှတမှုလို့ သမ္မတ ထရမ့်က ပြောပါတယ်။
အီရန်ကို တိုက်ခိုက်မှု - အန္တရာယ်များပေမဲ့ ရတဲ့အခွင့်အရေးကို အမေရိကန်နဲ့ အစ္စရေးတို့ လက်မလွှတ်ချင်
အီရန်အစိုးရဟာ စီးပွားရေးအကျပ်အတည်းနဲ့ ဆန္ဒပြမှုအပြီး ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနေရတာမို့ ခံနိုင်ရည်အား နည်းပါးနေတယ်လို့ အမေရိကန်နဲ့ အစ္စရေးက ယုံကြည်နေပါတယ်။
အီရန်ကို အမေရိကန်-အစ္စရေးစစ်ဆင်မှု ဘာတွေသိထားသင့်သလဲ
အီရန်ရဲ့ နျူကလီးယားစီမံကိန်းနဲ့ပတ်သက်လို့ စေ့စပ်ဆွေးနွေးမှုတွေ၊ ခြိမ်းခြောက်မှုတွေကို ရက်သတ္တပတ်အနည်းငယ်လုပ်ဆောင်ပြီးနောက် အခုလို တိုက်ခိုက်မှုစစ်ဆင်ရေးတွေ စလုပ်လာတာပဲ ဖြစ်ပါတယ်။ အမေရိကန်-အစ္စရေးတို့ပူးပေါင်းပြီး အီရန်အပေါ် တိုက်ခိုက်မှုနဲ့ပတ်သက်လို့ သိရှိထားတဲ့အချက်တွေကို ဖော်ပြလိုက်ပါတယ်။
အာဏာသိမ်းကာလ ဘာလို့ လျှပ်စစ်မလုံလောက်
မြန်မာမှာ နိုင်ငံတစ်ခုလုံးရဲ့ဓာတ်အားလိုအပ်ချက်ကို အစိုးရအဆက်ဆက်တခါမှ မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။ အာဏာသိမ်းပြီးနောက်မှာတော့ ၂၄ နာရီလုံးဝ လျှပ်စစ်မီးမလာတဲ့အချိန်တွေကိုတောင် ဖြတ်သန်းခဲ့ရကြရပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - ပုဂံညောင်ဦးလမ်းပိုင်းမှာ တိုက်ခိုက်ခံရလို့ စစ်တပ်ဘက်က ၄ ဦးသေဆုံး
ပြည်တွင်းထဲက စက်မှုဇုန်တွေကို သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓာတ်အားတိုက်ရိုက်ပေးနေတဲ့ စက်မှုဇုန်နဲ့ အထူးစီးပွားရေးဇုန်တွေကို ၂၄ နာရီမီးပေးပြီး မီတာခ တစ်ယူနစ်ကို ကျပ် ၉၀၀ ကောက်သွားမယ်လို့ စစ်ကော်မရှင်က ကြေညာပါတယ်။
အခွန်ဂိတ်ပေါင်း ၄၀ ကို သိန်းရာချီပေးပြီးဖြတ်ရတဲ့လမ်း
ရှမ်းမြောက်-ကချင်-စစ်ကိုင်းစတဲ့ ဒေသ ၃ ခုကို ဖြတ်ဖောက်ထားတဲ့ ကုန်သွယ်လမ်းပိုင်းတကြောမှာ အခွန်ကောက်ခံနေတဲ့ ဂိတ်ပေါင်း ၄၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ကုန်လမ်းကြောင်းအစအဆုံးအတွက် ပေးဆောင်ရတဲ့အခွန်ငွေက သိန်းရာချီရှိတယ်လို့ ဒီလမ်းကြောင်းအခြေအနေကို သိထားတဲ့ ကုန်သည်နဲ့ လုပ်ငန်းရှင်တချို့က ပြောပါတယ်။
ပါကစ္စတန်-အာဖဂန်နစ္စတန်စစ်ရေး၊ ကဘူးနဲ့ ကန်ဒါဟာမြို့တွေ လေကြောင်းတိုက်ခိုက်ခံရ
အာဖဂန်နစ္စတန်၊ ကဘူးနဲ့ ကန်ဒါဟာမြို့တွေကို ပါကစ္စတန်ကလေကြောင်းက တိုက်ခိုက်နေပြီး ဘယ်လိုရန်လိုကျူးကျော်မှုကိုမဆိုရှင်းလင်းနိုင်စွမ်းရှိနေတယ်လို့ပါကစ္စတန်ဝန်ကြီးချုပ်ပြောတဲ့သတင်းအပါအဝင် ဖေဖော်ဝါရီ ၂၇ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။
စစ်ပွဲကြားအနေကြာတဲ့အခါ လက်နက်ကြီး ပစ်သံကို နားယဉ်သဘောကျတတ်လား
စစ်ပွဲဇုန်အနီးက ယူကရိန်းနိုင်ငံသားအချို့ကတော့ ပေါက်ကွဲသံတွေကြားလိုစိတ်ဖြစ်တယ်လို့ပြောပြီး ဒါဟာ စိတ်ဖိစီးမှုကိုနှစ်ခြိုက်ကြောင်းပြတဲ့လက္ခဏာလို့ စိတ်ပညာရှင်တွေက ယူဆပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်
အထူးစာမျက်နှာ
၂၀၂၅ မြန်မာရွေးကောက်ပွဲ
တပ်နဲ့ ကြံ့ခိုင်ရေး အာဏာခွဲဝေရေး ဆွေးနွေးမှုတချို့ စတင်
USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ နေပြည်တော်မှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တွေ့ဆုံခဲ့တယ်လို့ နေပြည်တော်က ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ကြိုတင်မဲတွေက အဆုံးအဖြတ်ဖြစ်ခဲ့သလား
အပိုင်း ၃ ပိုင်းနဲ့ကျင်းပခဲ့တဲ့စစ်တပ်ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေကြောင့် အနိုင်အရှုံးသိသာခဲ့တာက စစ်တပ်ထိန်းချုပ်တဲ့ မြို့နယ် ၃ ခုမှာပဲ ပြုလုပ်နိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက မဲဆန္ဒနယ်တွေမှာ ဖြစ်ပါတယ်။
စစ်တပ်နဲ့ NUG တို့လှမ်းလာတဲ့ အကြံပေးကောင်စီတွေ
အာဏာသိမ်း ၅ နှစ်ပြည့်ချိန် ဖေဖော်ဝါရီလမှာရွေ့လာတဲ့ နိုင်ငံရေးအခင်းအကျင်းအရ အခုနှစ်ထဲ စစ်တပ်ရောတော်လှန်ရေးမှာပါ လွှတ်တော်၊ အစိုးရ၊ ကောင်စီဆိုတဲ့ အလွှာသုံးခု စင်ပြိုင်ရှိမယ့် သဘောတွေ့နေရပါတယ်။
အတိုင်ပင်ခံကောင်စီ - သမ္မတလုပ်ပိုင်ခွင့်ကို ကြိုတင်ပြဋ္ဌာန်းခြင်း
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို သမ္မတက ဖွဲ့စည်းပေးရမှာဖြစ်ပြီး ဒီအဖွဲ့မှာ စစ်ကော်မရှင်အဖွဲ့ဝင်တွေနဲ့ အာဏာသိမ်းစစ်အုပ်ချုပ်ရေးမှာပါဝင်ခဲ့တဲ့ စီနီယာအရာရှိကြီးတွေ ပြန်ပါလာနိုင်တယ်လို့ နေပြည်တော်မှာ ခန့်မှန်းသုံးသပ်နေကြပါတယ်။
အစိုးရသစ်ကာလအထိ ဘာကြောင့် စစ်အုပ်ချုပ်ရေးသက်တမ်းတိုးသလဲ
စစ်ကော်မရှင်ဟာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပဖို့ ပြင်ဆင်နေပြီး တပြိုင်နက်တည်းမှာပဲ မြို့နယ်ပေါင်း ၆၃ ခုကို စစ်အုပ်ချုပ်ရေးသက်တမ်း ဆက်တိုးထားပါတယ်။
NLD မပါတဲ့ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ဘယ်လိုနိုင်ခဲ့လဲ
NLD ပါတီနဲ့ လူထုထောက်ခံမှုရှိတဲ့ပါတီတချို့ ဖျက်သိမ်းခံထားရပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံနိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချထားချိန်မှာ ကျင်းပလို့ ဒီရွေးကောက်ပွဲကို ကြံ့ခိုင်ရေးကပဲ အနိုင်ရခဲ့တာလို့ ရွေးကောက်ပွဲလေ့လာ သူတွေကပြောပါတယ်။
အဖြေမရတဲ့ ရွေးကောက်ပွဲ အငြင်းပွားမှုတွေ
ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ ပြီးသွားပေမဲ့ နောက်ဆက်တွဲအငြင်းပွားမှုတွေနဲ့ အားနည်းချက်တွေ ကျန်နေခဲ့ပါတယ်။ အပိုင်း ၁ တုန်းက ဖြစ်ခဲ့တဲ့အငြင်းပွားမှုတွေက အပိုင်း ၂ အထိလည်း ဆက်ဖြစ်ခဲ့ပြီး ဖြေရှင်းပြင်ဆင်နိုင်ခဲ့တာမရှိဘူးလို့ နိုင်ငံရေးပါတီတွေက ညည်းညူနေကြပါတယ်။
ရွေးကောက်ပွဲရှုံးတဲ့ နာမည်ကြီးတွေ
ကြံ့ခိုင်ရေးပါတီ နေရာအများစုနိုင်မယ်လို့ ခန့်မှန်းထားကြတဲ့ ရွေးကောက်ပွဲမှာ မထင်မှတ်တဲ့ ရလဒ်တချို့လည်း ထွက်ပေါ်လာခဲ့ပြီး နာမည်ကြီးနိုင်ငံရေးသမားတချို့ရှုံးပွဲတွေ့သွားပါတယ်။
စစ်တပ်စင်တင်လွှတ်တော်နဲ့ CRPH ဘယ်လိုအားပြိုင်မလဲ
အာဏာသိမ်း ၅ နှစ်အလွန်မှာ လွှတ်တော်ကိုယ်စားပြုကော်မတီဖြစ်တဲ့ (CRPH) ကဘယ်လိုရပ်တည်မလဲ၊ တဖက်မှာလည်း စစ်တပ်ဟာ ရွေးကောက်ပွဲအလွန်မှာ လွှတ်တော်ခေါ်မှာဖြစ်တာကြောင့် စင်ပြိုင်လွှတ်တော်ဖြစ်လာမှာလား... ဆိုတဲ့ မေးခွန်းတွေ နိုင်ငံရေးစောင့်ကြည့်သူတွေကြား အပြောများလာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ ကော့မှူး ကခြောက်ကပ်ကပ် ရွေးကောက်ပွဲ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အောင်မြေ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပခဲ့ပါတယ်။ ကော့မှူးမြို့ခံ အများစုကတော့ အရင်လို မဲပေးဖို့ စိတ်အားထက်သန်မှုတွေမတွေ့ရသလို မဲပေးနှုန်းလည်းလျော့ကျသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံထားရချိန်မှာ ကျင်းပတဲ့ ကော့မှူးက ရွေးကောက်ပွဲ အရင်နဲ့ ဘာတွေ ကွဲပြားသွားလဲ။
ရွေးကောက်ပွဲအပိုင်း ၂ က အပိုင်း ၁ ထက် တိုက်ခိုက်မှုပိုလာ
ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပချိန် တိုက်ခိုက်ခံခဲ့ရတဲ့မန္တလေးတိုင်းထဲ စစ်ကော်မရှင်က ရဲနဲ့ စစ်သားအင်အား ဖြန့်ကြက်ပြီး အပိုင်း ၂ ကို ကျင်းပခဲ့ပေမဲ့ ပဲခူးနဲ့ မကွေးတိုင်းထဲက မဲဆန္ဒနယ်တွေမှာတော့ ထွေအုပ်အရာရှိသေဆုံးတဲ့အထိ ဗုံးခွဲတိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။
ရွေးကောက်ပွဲအလွန်မှာ အရေးပါလာမယ့် ထိပ်တန်းစစ်ဗိုလ်ချုပ်တွေ
ရွေးကောက်ပွဲအလွန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး အပြောင်းအလဲအကြောင်းကိုပဲ လူပြောများကြပြီး တပ်ချုပ်ကိုဝန်းရံမယ့် ထိပ်တန်းဗိုလ်ချုပ်ကြီးတချို့အကြောင်းကိုတော့ လူပြောနည��းပါတယ်။ ဒီထဲမှာ အလားအလာအရှိဆုံးကတော့ စစ်တက္ကသိုလ်အပတ်စဥ် ၃၈ DSA-38 ဆင်းတွေ ဖြစ်ပါတယ်။
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
တရုတ်နှစ်သစ်ကူးပွဲတော်မှာ စစ်တပ်ထုတ်ပြောတဲ့ တရုတ်စီမံကိန်းတွေရဲ့အရွေ့
၂၀၂၅ ခုနှစ်အတွင်း မြန်မာမှာ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုဟာ ရာခိုင်နှုန်း ရာနဲ့ချီ ထိုးတက်သွားတယ်ဆိုတဲ့အဆိုကို မြန်မာစစ်ခေါင်းဆောင်တွေကရော၊ တရုတ်ဘက်ကပါ လက်ခံထားပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ပြောတဲ့ မြန်မာ့မြောက်ပိုင်းထိန်းချုပ်ရေး ဘာလဲဘယ်လဲ
ကချင်တော်လှန်ရေးနေ့အခမ်းအနားမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ၁၊ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ထုတ်ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာတော်လှန်ရေးရဲ့ ကန့်လန့်ကာနောက်ကွယ်က အကြောင်းတချို့ကို လှစ်ဟပြခဲ့ပါတယ်။
ကေကေပါ့ခ် တူးပွိုင့်ဇီးရိုးက ကျားဖြန့်ခွင် အသစ်လား
ကေကေပါ့ခ် တူးပွိုင့်ဇီးရိုးဟာ မြဝတီမြို့နယ်၊ မယ်ထော်သလေးဒေသက ကျားဖြန့်လုပ်ငန်းတွေလည်ပတ်ခဲ့တဲ့ မူလ KK Park ရဲ့ အနောက်ဘက်ခြမ်း ၁၀ မိုင်ဝန်းကျင်မှာ ရှိပါတယ်
ကရင်လူမျိုးတွေရဲ့ ကော်သူးလေအိပ်မက်
ကရင်ခေါင်းဆောင်တွေ တောင်းဆိုခဲ့ကြတဲ့ ‘ကော်သူးလေသမ္မတနိုင်ငံ’ ကို ကရင်လက်နက်ကိုင် ကော်သူးလေတပ်မတော် (KTLA) က ဇန်နဝါရီ ၅ ရက်နေ့ကပဲ ပြန်အသက်သွင်းလိုက်ပါတယ်။ ဒါကို KNU၊ DKBA၊ BGF/KNA က လက်မခံကြပါဘူး။ ဒါဆို သူတို့ လက်ခံထားတဲ့ ကော်သူးလေနိုင်ငံဆိုတာဘာလဲ။ ကရင်အဖွဲ့အစည်းတွေရဲ့ ကော်သူးလေ အိပ်မက် က ဘာလဲ။
ဗန်းမောက်မြို့ကို စစ်တပ်ပြန်ထိန်းချုပ်မှုနဲ့ စစ်ကိုင်းအထက်ပိုင်း စစ်ရေးဗျူဟာ
ဗန်းမောက်ဟာ စစ်တပ်အတွက် အဓိကဗျူဟာကျတဲ့မြို့မဟုတ်ပေမဲ့ ရှမ်းနီတပ်တွေနေရာယူထားပါတယ်။ ရှမ်းနီတပ်(SNA)အတွက် ဗန်းမောက်ကို စစ်တပ်က ပြန်တိုက်ယူပေးတာဖြစ်သလို ဆက်စပ်မြို့နယ်တွေကို စစ်တပ်ခြေဆန့်ဖို့လည်း ရည်ရွယ်ထားတဲ့စစ်ဆင်ရေးလို့လည်း စစ်ရေးအကဲခတ်တချို့က ပြောပါတယ်။






































































